Pages

Thursday, July 11, 2013

လှသောမနက်ဖြန်မှာ..

မညီညာတဲ့ အနိမ့်အမြင့် တွေကို
ညှိယူဖို့ ငါကြိုးစားခဲ့တယ်.
ဒီဒဏ်ရာများ က လွတ်ဖို့ တောင်းဆုချွေမိခဲ့...
မရင်ဆိုင်နိုင်ရဲ ပေမယ့်.. ငါဟန်ဆောင်ကောင်းခဲ့ တယ်..
မဖြစ်နိုင်ပေ မယ့် ရှေ့ဆက်တိုးခဲ့တယ်..
ယုံကြည်ချက်တို့ ပျောက်ကွယ်... စိုးစိတ်တွေနဲ့ အနာဂါတ်ထဲ..။

မပူပါနဲ့..
အမြဲပဲ ကြိုလင့်လို့နေတဲ့ မျှော်လင့်ချက် သစ်တွေ နဲ့
ငါ ရှေ့ ဆက်နေမယ်.. ။
ပြန်နိုး ထပါတော့ကွယ်..
မက်ခဲ့ တဲ့ အိမ်မက်ဟောင်းရဲ့ အရိပ်တွေ နေ၀င် ပါစေတော့ကွယ်...
လှသော မနက်ဖြန်ရဲ့ အောင်မြင်ချင်းတွေက
မင်းကို ကြိုနေ တယ်
ကမ္ဘာကြီးရဲ့ တနေရာရာ မှာမင်းအတွက် တနေရာတော့ ရှိမှာပဲ
ခံယူချက်တို့ မယိမ်းယိုင်ပဲ..လာပါ အရှုံး မပေးပဲ
ကြိုးစားကျော်ဖြတ်သွားမယ်...။

မပူပါနဲ့....
မင်းပြန်နိုးထပါတော့... ပြန်နိုးထပါတော့....
မင်းရဲ့ အိမ်မက်သစ်တွေ ကို နေမ၀င် စေနဲ့ တော့..
အမြဲအားတင်းရင်းနဲ့..လှမ်းလာခဲ့ ပါ..
လှသောမနက် ဖြန်ရဲ့
အောင်မြင်ချင်းကို...ပိုင်ဆိုင်လိုက် ပါတော့ ။

No comments:

Post a Comment